မင်းလှ ၈ မေ
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဒေသန္တရအမိန့်နှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်လိုက်နာမှုမရှိသူ ၇ ဦးအား လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးအရေး ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မေလ ၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစီး၍ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့နှင့်အတူ မြို့မရဲစခန်းမှူး ဒုရဲမှူးလင်းလင်းနှင့်တပ် ဖွဲ့ဝင်များသည် လှည့်ကင်းတာဝန်များ ဆောင်ရွက်နေစဉ် သရက်တပင်တာဆုံ၌ သင်တောရိုးအုပ်စု၊ ကွင်းကလေကျေးရွာနေ ထက်လွင်နှင့် လှမျိုးထွန်း၊ စိန်ကန့်လန်းကျေးရွာ အ.ထ.က ကျောင်းရှေ့၌ သင်တောရိုးအုပ်စု၊ ကွင်းကလေးကျေးရွာနေ သူနိုင်လင်းနှင့် စောလာဘွဲ့ထူး၊ မေ ၈ ရက် နံနက် ၁ နာရီတွင် စိန်ကန့်လန်းကျေးရွာ အ.ထ.က ကျောင်းရှေ့၌ စိန်ကန့်လန့်ကျေးရွာနေ ကိုသော်၊ ရဲဝင်းထွဋ်နှင့် မိုးဝင်းတို့အား ဆိုင်ကယ်စီးနှင်းလာစဉ် တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ခိုင်လုံသောအကြောင်းပြချက်တစ်စုံတစ်ရာ ပြောပြနိုင်ခြင်းမရှိသဖြင့် ၎င်းတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ဖောက်ဖျက်ကျုးလွန်သဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)