မြင်းမူ- စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့ဝင်/ထွက်နေရာ၌ ဝင်ထွက်သွားလာသူများအား ပါးစပ်နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများက အောက်တိုဘာလ(၇)ရက်နေ့က စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်အတွင်းယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အသက်သေဆုံးမှုများ လျော့နည်းလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိလိုက်နာရန်အတွက် အသိပညာပေး ဆော်ဩခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် mask campaing များ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးရဲကိုကိုထံမှ သိရှိရသည်။
ယင်းသို့ဆောင်ရွက်ကြပ်မတ်ရာတွင် မြို့တွင်းသို့ ဝင်ရောက်လာသူများနှင့် မြို့ပြင်ပသို့ သွားလာကြမည့်ပြည်သူများအား မျက်နှာနှင့်နှာခေါင်စည်း (mask) မဖြစ်မနေ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များ ပေးဝေခြင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)