မြင်းမူ ၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ညောင်ပင်ကန်ကျေးရွာအုပ်စု စိုင်မြစ်ကျေးရွာတွင် ယနေ့မွန်းလွဲ ၃ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၄၄)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ မြင်းမူမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ တစ်နာရီခန့် ငြှိမ်းသတ်ခဲ့ရကြောင်းနှင့် လူနေအိမ်(၄၄)လုံး မီးလောင်ဆုံးရှုံးကာ အိမ်ထောင်စု (၅၁)စုမှ မီးဘေးသင့်ပြည်သူ (၁၉၉)ဉီး ရှိခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)