မြင်းမူ  ၁  မတ်

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်  မေဂျာကျေးရွာတွင် စိုက်ပျိုးမြေနှင့် လူနေအိမ်အဆောက်အဦများ ရေကြီးကမ်းပြိုခြင်းမှ ကာကွယ်ရန်အတွက် ကမ်းထိန်းနံရံများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအဖြစ် ထန်းလုံးတိုင်အခြေပြု ကျောက်ဖြည့်အခြေထိန်း အလျား ၆၀ဝ ပေ၊ ထန်းလုံးတိုင်အခြေပြု မျောကရစ်ကွက် အလျား ၁၂၅ ပေနှင့် Hard Point တည်ဆောက်ခြင်းတို့ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ လာမည့် မေလကုန်တွင် အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)