မြင်းမူ   ၁၁  ဒီဇင်ဘာ

           

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်တွင် အစိုးရအဖွဲ့ ရန်ပုံငွေများဖြင့် ကျေးရွာ(၅)ရွာကို ရေရရှိရေးနှင့်  ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရေရရှိရေး လုပ်ငန်းများအဖြစ် ပြည်တောင်စုအစိုးရ ရန်ပုံငွေဖြင့် မြင်းမူမြို့နယ်အတွင်းရှိ မကျီးကန် ကျေးရွာတွင်  အနက်ပေ(၄၀ဝ) စက်ရေတွင်း၊ ရေစက်ရုံ(၁)ခု၊ဂါလန် (၂၄၀ဝ)ဆံ့ စင်မြင့်ရေစင်နှင့် တောချောင်းဦး ကျေးရွာတွင် အနက်ပေ (၅၀ဝ)  စက်ရေတွင်း၊   ရေစက်ရုံ(၁)ခု၊ ဂါလန်(၂၄၀ဝ)ဆံ့  စင်မြင့်ရေစင်တို့ကို လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် လက္ကပင် ကျေးရွာတွင် အနက်ပေ (၄၀ဝ) စက်ရေတွင်း၊ ရေစက်ရုံ(၁)ခု၊ ဂါလန်(၂၄၀ဝ)ဆံ့  အမြင့်တင် ရေစင်(၁) ခုနှင့်   ရွှေကျောင်းကန် ကျေးရွာတွင်  ရေဂါလန် (၂၄၀ဝ)ဆံ့ ရေစင်(၁)ခုတို့ကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရ သည်။

 

ထို့အပြင် မကျီးကန်ကျေးရွာတွင်လည်း မွမ်းမံရန်ပုံငွေဖြင့် ဒေသခံပြည်သူများ ရာသီမရွေး ရေဖူလုံစွာ ရရှိစေရန်အတွက် အကျယ်(၄)ဧကမြေသားရေကန်ကို အနက်(၂)ပေ ဆက်လက် တူးဖေါ်ပေးသွားရန် ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ထားထားရီ ထံမှ သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)