မြင်းမူမြို့နယ်အတွင်းမီးလောင်မှုဖြစ်ပွား

မြင်းမူ ၁၅ ဖေဖေါ်ဝါရီ


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် (ဂုံညင်းဆိပ်တိုက်နယ်)  ကန်တော်ကျေးရွာတောင်ပိုင်းတွင်   ဖေဖေါ်ဝါရီလ(၁၅)ရက်  (ယနေ့)   နံနက် ၃ နာရီခွဲ အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

123


ဖြစ်စဉ်မှာ ယင်းကျေးရွာနေ ဒေါ်သိန်းကြိုင်သည် နွားစာတဲဘေးတွင် အမှိုက်မီးရှို့ရာ မှတစ်ဆင့် နေအိမ်နှင့်အဖီဆွဲထားသော နွားစာတဲသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


ယင်းကူးစက်မီးမှတစ်ဆင့် ပါတ်ဝန်းကျင်ရှိ အိမ်(၆)လုံး အား ကူးစက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုမီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၆)အိမ်မှ မိသားစုဝင်(၂၁)ဦး မီးဘေးသင့်ခဲ့ပြီး ၎င်းတို့၏ မိဘဆွေမျိုးများထံ သွားရောက်နေထိုင် လျှက်ရှိကြောင်း သိရှိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့   မြင်းမူမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊  ထီးဆောင်းနယ်မြေ မီးသတ်စခန်းနှင့်   ခွက်ခွင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်များ   စုပေါင်းငြှိမ်းသတ်မှုကြောင့် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင်  မီးလုံးဝ ငြိမ်းသတ် နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရိဆ္ဆန်ဆုံးရှုးံမှု မရှိခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှု နှင့်ပါတ်သက်၍ အိမ်ရှင်ဖြစ်သူဒေါ်သိန်းကြိုင်အား မြင်းမူမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


အောင်စိုးဖေ(မြင်းမူ)