မြင်းမူ  ၊ ၂၇ ဇန်နဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မြင်းမူမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံပေးခဲ့သည်။

မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်ရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် FDA တို့မှ စုစုပေါင်း ဝန်ထမ်း (၁၆၈) ဦးအား ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဆေးသောက်နေရသည့် ဝန်ထမ်းများ၊ ကိုယ်ခံအားနည်းသည့် ဝန်ထမ်းများအား ထိုးနှံပေးခြင်းမရှိကြောင်းနှင့် ယခုကဲ့သို့ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးများ ထိုးနှံထားသည့်အတွက် ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ရဲရဲဝင့်ဝင့်၊ ယုံယုံကြည်ကြည်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာကေသီခိုင်၏ ပြောကြားချက်အရ သိရှိရသည်။

နေလင်းအောင်(ပြန်/ဆက်)