မြင်းမူ  ၈  သြဂုတ်


စားသောက်ကုန်များ ရောင်းချရာတွင် အန္တရာယ်ရှိပြီး  စားသုံးရန် ပိတ်ပင်ထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရန်နှင့်    ဝယ်ယူစားသုံးသူများ အသိပညာရရှိရေးအတွက် ပညာပေးစစ်ဆေးခြင်း လုပ်ငန်းများကို သြဂုတ် ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်ရှိ ဈေးဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ခြင်ပေါက်ဖွားမှု မရှိစေရေး အစားအစာများကို သန့်ရှင်းစွာ ပြုလုပ်ရောင်းချရေးတို့ကို လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဌာနက FDA မှ ခွင့်မပြုထားသော ပစ္စည်းများ ပါဝင်မှု ရှိ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခုစစ်ဆေးခဲ့သော ထီးဆောင်းကျေးရွာ အနီးရှိ ရွှေရတုစက္ခုပါလ မျက်စိဆေးရုံသည်  မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူများ မျက်စိရောဂါ လာရောက် ကုသလျက်ရှိသည့် နေရာဖြစ်သည့်အတွက် ကူးစက်ရောဂါများ မဖြစ်ပွားရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်စိုးဖေ(မြင်းမူ)