မြင်းမူ ၂၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ကန်ဖျားကျေးရွာတွင် ဧပြီ ၂၀ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုသည် ကန်ဖျားကျေးရွာနေ ဒေါ်စောရင်၏ နေအိမ်မှ မီးကြွင်းမီးကျန်မှတစ်ဆင့် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဒေါ်စောရင်၏ နေအိမ်အပါအဝင် နွားစာတဲ တစ်လုံး၊ ယင်းနှင့် ကပ်လျှက်ရှိသော ဒေါ်ရီဌေး ပိုင်ဆိုင်သော လူနေအိမ် တစ်လုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၃)စီးနှင့် ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၄၀ တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ မြင်းမူမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)