မြင်းမူ ၁၆ အောက်တိုဘာ
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း၊အောက်တိုဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မုံရွာ၊ မန္တလေးကားလမ်းဘေးရှိ၊ မြောင်မြို့သို့ သွားရာလမ်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်း ကျေးရွာနှင့် ကျော့မင်းကျေးရွာကြား ၊မိုင်တိုင်အမှတ် ၁/၂နှင့်၁/၃ကြားရှိ ၊အရှည်ပေ(၃၀)အနံ(၁၈)ပေရှိ သံကူ ကွန်ကရစ်တံတား ထက်ဝက်ခန့်ပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
တံတားပြိုကျပျက်စီးမှုများကို စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ဝင်းလှိုင်၊ မြင်းမူမြို့နယ်အုပ်ချုပ်ရေး ဦးတင်အောင်လွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုအပ်သည်များ ကူညီဆောင်ရွက်လျှက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှုးက ယာဉ်များ ပုံမှန်သွားလာနိုင်ရေး စီမံဆောင်ရွက်ခြင်း ၊ ပျက်စီးခဲ့သောတံတားကို အမြန်ဆုံးပြုပြင်နိုင်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းတံတားပျက်စီးခဲ့သော်လည်း ယခုအခါယာယီလမ်းလွှဲဖြင့် ဆက်သွယ်သွားလာနိုင်ရေး စီစဉ်လျှက်ရှိပြီး ခရီးသွားပြည်သူများအဆင်ပြေရေး သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


