မြင်းမူမြို့တွင် လောင်စာဆီ သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား 

မြင်းမူ ၂၁ ဖေဖော်ဝါရီ     


စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ မြစ်ပေါက်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော အောင်သီတာထွန်းကုမ္ပဏီ ဆီတွဲအမှတ် OB -180 လောင်စာဆီ သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၈ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

123


မီးလောင်ကျွမ်းမှု ဖြစ်ပွားသောကြောင့် မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသူအောင် ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅ )ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ ဆီမီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး အရန်မီးငြှိမ်းသတ် ယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

123


မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော လောင်စာဆီသင်္ဘောမှာ မုံရွာမြို့၊ အောင်မင်္ဂလာရပ်နေ ဦးဇော်ဝင်းမောင် (၃၀)နှစ် ပိုင်ဆိုင်သည့် သင်္ဘောဖြစ်ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သင်္ဘောဝမ်းပိုက် အတွင်းရှိ ဒီဇယ်ကန် တစ်ကန်နှင့် တစ်ကန်အား ဂျင်ဒေါင်း အမျိုးအစား မြင်းကောင်ရေ ၂၂ ကောင်ဖြင့် ဆီလှယ်ရာ (ဆီစုပ်ပန့်)ပူလီမှ အပူလွန်ကဲပြီး လည်ချောင်းပိုက်သို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုကြောင့် ဒီဇယ်(ချက်ဆီ) ဂါလန် ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့်  မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍  မြင်းမူမြို့မ ရဲစခန်းမှ ဦးဇော်ဝင်းမောင်အား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


 ကိုမင်း(အင်းတော်)