မြင်းမူမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းနားလမ်းပြိုကျမှုဖြစ်ပွား

မြင်းမူ ဩဂုတ် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့တွင် မိုးသည်းတန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းနားလမ်း ပြိုကျ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မြင်းမူမြို့တွင် ဩဂုတ် ၂၈ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်နေခြင်း တို့ကြောင့် ကမ်းနားလမ်းမြေသားများ အရှည်ပေ(၁၀၀)ခန့်နှင့် အကျယ် (၈)ပေ ဧရာဝတီမြစ်အတွင်းသို့  ပြိုကျ မှုဖြစ်ပွားခဲ့ပြီး ပြည်သူများအန္တရာယ်မဖြစ်စေရေး ယင်းနေရာပတ်ဝန်းရှိ လမ်းအသွားအလာကို ကန့်သတ်ထား ရှိကာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုထံမှ သိရသည်။

 

ကမ်းနားလမ်း မြေပြိုကျမှုဆက်လက် ကာကွယ်နိုင်ရေးအတွက်   ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဌာနမှ  မျှောတိုင်များရိုက်ခြင်း၊ ဝါးထံများကာခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊   မြို့နယ်အဆင့် သန္ဓေ/ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊   ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ စုပေါင်းကာ  သဲအိတ်များချခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)