မြင်းမူ ၁၄ ဇွန်

 

၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏  ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြင်းမူမြို့ရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းမှာ ယခုအခါ (၆၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

 

ယခုတည်ဆောက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၈၃ ဒသမ ၁၀ဝ သန်းဖြင့် မြန်မာ့မဏ္ဍိုင်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး အဆောက်အဦမှာ (၄)ခန်းတွဲ (၄)ထပ် သံကူကွန်ကရစ် အမျိုးအစား အလျား ၁၀၂ ပေ၊ အနံ ၂၉ ပေရှိကြောင်းနှင့် အဆောက်အဦအား ယခုနှစ် ဩဂုတ်လတွင် အပြီးတည်ဆောက်ကာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးမြင့်အောင်ထံမှ သိရှိရသည်။

 

အောင်စိုးဖေ (မြင်းမူ)