မင်းပြား၊   ၂၉   ဇန်နဝါရီ

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လတ်တလောအသက်ရှုလမ်းဆိုင်ရာကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ပထမအကြိမ်စတင်ထိုးနှံခြင်း အား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် စုရပ်အဖြစ် စတင်ထိုးနှံရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ နေဝင်းထွန်း အပါအဝင် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာ/ ဆရာမ များ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဆေးရုံဝန်ထမ်း ၁၄၀ ဦးတို့အား ပထမ အကြိမ် ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနစသည့်ဌာနများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများကို ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)