မင်းပြား ၁၅ ဇူလိုင်


    
မင်းပြားမြို့၌ ပြည်တော်သာ၊ ပြည်တော်လှရပ်ကွက်ရှိ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်း၌ ဇူလိုင်(၁၄)ရက် နေ့ ညနေ(၇)နာရီက မြေပြိုမှုဖြစ်ပွားကြောင်းသိရသည်။


    
ဖြစ်စဉ်မှာ ဇူလိုင်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေကြီးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ဇူလိုင်(၁၄)ရက် ညနေက မင်းပြားမြို့ရှိ ရွှေပြည်တန်အမြန် ရေယာဉ်ဆိပ်ကမ်းရှိ ကမ်းထိန်းနံရံတစ်လျောက် မြေကျွံကျမှု အလျား ပေ ၆၀ဝ၊ အနံ ၁၀ ပေ ဖြစ်ပေါ်နေပြီး ၎င်းအနီးရှိနေအိမ် ၂၈ ဆောင်အား အန္တရာယ်ရှိနိုင်သဖြင့် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နိုင်ရန် စီစဉ်ဆောင် ရွက်ထားသည်။ 

 

အဆိုပါမြေကျွံကျမှုဖြစ်ပေါ်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းငြိမ်းနိုင် နှင့် တာဝန် ရှိသူများကသွားရောက်ပြီး လိုအပ်သည်များကို ဆောင်ရွက်ထားရှိကာ မြစ်ကမ်းအား အမြဲမပြတ် စောင့်ကြည့် လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။             

               

MDN