အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

မင်းပြားမြို့နယ်၏ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် IOM သဘာဝဘေး လျှော့ပေါ့ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများကို စောင့်ကြည်လေ့လာရေးအဖွဲ့မှ Prဝject  တာဝန်ခံ ဒေါ်အေးသိမ့်သူက အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များအတွက် ဌာနဆိုင်ရာများ၊ NGO၊ INGO၊ CSO၊ အဖွဲ့များနှင့်ပူးပေါင်းပြီး စီမံချက် ကြိုတင်ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ရခိုင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားရေးဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်သိန်းထွန်း က ကနဦး သတင်းအချက်အလက်များအား ဆွေးနွေးခြင်း၊  မင်းပြားမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းနှင့် တက်ရောက်လာသူများက ဘေးလွတ်ရာသို့ ပြောင်းရွေ့ခြင်း၊ အစိုးရမဟုတ်သော အဖွဲအစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်ဆောင်ရွက်ခြင်း၊ လူမှုအစိတ်အပိုင်းဆိုင်ရာ ပံ့ပို့ပေးခြင်းနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်ခြင်း စသည်တို့ကို ဒီဇင်ဘာ ၁၃  ရက်မှ ၁၄ ရက်ထိ နှစ်ရက်တာ အပြန်အလှန် ဆွေးနွေးကြသည်။

 

သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးရခြင်းဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကို  လျှော့ကျရန်ရည်ရွယ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)