စစ်တွေ ဧပြီ ၈

 

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည်  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့   နံနက်ပိုင်းက မြောက်ဦးခရိုင် မင်းပြားမြို့နယ်နှင့်  စစ်တွေခရိုင်  ပေါက်တောမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို     ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံသည်။

 

မင်းပြားမြို့    ရာမောင်ခန်းမ၌ ဌာနဆိုင်ရာများ၊   မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် အတွင်းရှိ       လုပ်ငန်းရှင်များနှင့်  တွေ့ဆုံပွဲသို့တက်ရောက်ပြီး  ပြည်နယ်ဝန်ကြီးချုပ်က   ဌာနဆိုင်ရာ များ၊    မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် မင်းပြား မြို့သည်     ယခင်နှစ်များထက် တိုးတက်ပြောင်းလဲလာသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်နယ်၏  တည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေးအတွက် အဓိကဆောင်ရွက် နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိလာသည်နှင့်အမျှ   ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို  ပိုမိုရရှိစေမည်ဖြစ်ကြောင်း   ပြောကြားသည်။

 

ယင်းနောက် မင်းပြားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း RCC နှစ်ထပ်  ကျောင်းဆောင် သစ်ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခရိုင် ပေါက်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီ ၆ ရက် ညနေပိုင်းက မင်းပြားမြို့ မြို့မဆိပ်ခံတံတား    ချဉ်းကပ်လမ်း   ဒီရေတိုက်စားမှုကြောင့်   ပျက်စီးနေမှုကို ပြန်လည်ပြုပြင်နိုင်ရန် သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်း  သိရသည်။

ပြည်နယ်(ပြန်/ဆက်)