မင်းပြားမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၂၃ ဦး ဒဏ်ရာရ

နေပြည်တော် ၈ ဖေဖော်ဝါရီ

ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ က မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာအနီး သစ်ပုတ်တောင် - မင်းပြားကားလမ်း မိုင်တိုင်အမှတ် (၂၂/၂) ၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သစ်ပုတ်တောင်မှ မင်းပြားဘက်သို့ ကျားပိုက်ကေကျေးရွာနေ စိုးမင်း (၂၄) နှစ် မောင်းနှင်ပြီး သစ်ပုတ်တောင်ကျေးရွာနေ ဦးစိန်ရွှေအောင် (၅၇) နှစ်ပါ ၂၃ ဦးတို့ လိုက်ပါလာသည့် 7L/××× Dutro (၆) ဘီးယာဉ်သည် လမ်းပုခုံးအား နင်းမိ၍ လမ်းယာဘက်သို့ လဲကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဦးစိန်ရွှေအောင်ပါ ၂၃ ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့်  အရေးယူပေးရန် တိုင်တန်းချက်အရ စိုးမင်းအား မင်းပြားမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN