၃၀ မေ

ဂန္ဒဝင်ရုပ်ရှင်မင်းသားကြီး ကလင့်အိစ်ဝုဒ်ဟာ မနက်ဖြန် (တနင်္ဂနွေနေ့) မှာ အသက် ၉၀ ပြည့် မွေးနေ့ဖြစ်ပါတယ်။ အော်စကာဆုများရှင် မင်းသားကြီးက အသက် ၈၀ ကျော်တဲ့အချိန်ထိ ရုပ်ရှင်ရိုက်နေတာကို တွေ့ရပါတယ်။

 

မြန်မာရုပ်ရှင်ပရိတ်သတ်တွေကြားမှာ ရေပန်းစားခဲ့ဖူးတဲ့ "A Fistful of Dollars" “For a Few Dollars More နဲ့ “ The Good, the Bad and the Ugly” စတဲ့ ဇာတ်ကားတွေရဲ့ ကောင်းဘွိုင်မင်းသားဟာ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ နိုင်ငံရေးသမားစတဲ့ ဘဝတွေကို ကျင်လည်ဖူးသူဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကယ်လီဖိုးနီးပြည်နယ် ကာမဲလ်မြို့တော်ဝန်အဖြစ်ရွေးကောက်ခံပြီး နှစ်နှစ်တိတိ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။

 

အလုပ်ကြိုးစားတဲ့ မင်းသားကြီးက မွေးနေ့ပွဲလုပ်ဖို့စိတ်မဝင်စားကြောင်း သားဖြစ်သူ အော်စကာဆုရှင် စကော့က မိသားမွေးနေ့ပွဲအဖြစ် ကိတ်မုန့်တစ်လုံးလည်း ပါမယ့် မွေးနေ့ပွဲလုပ်မယ်။ အဖေကတော့ ကြိုက်မှာ မဟုတ်ဘူး ဒါပေမယ့် လုပ်ပေးမယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။

 

၁၉၃၀ ခုနှစ်မှာ မွေးဖွားတဲ့ မင်းသားကြီး ကလင့်အိစ်ဝုဒ်ဟာ ရုပ်ရှင်နယ်ပင်မှာ နှစ်ပေါင်း ၇၀ ကျင်လည်ပြီး ရုပ်ရှင်ဇာတ်ကာကြီးပေါင်း ၅၀ ကျော် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။

 

မင်းသားကြီး က ၂၀၀၈ ခုနှစ်က ရုပ်ရှင်လုပ်ငန်းကနေ အနားယူမယ်လို့ ကြေညာအပြီး လေးနှစ်အကြာမှာ ကင်မရာရှေ့ကို တစ်ခေါက်ပြန်ရောက်ခဲ့ပြီး "Trouble with the Curve" ဇာတ်ကားကို ရိုက်ကူးခဲ့သလို ၂၀၁၈ ခုနှစ်မှာ"The Mule" ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလက ITV သတင်းဌာနနဲ့ အင်တာဗျူးမှာ ကောင်းဘွိုင် မင်းသားကြီး က သူက သရုပ်ဆောင်နေရတာကို ကြိုက်တယ်။ ရုပ်ရှင်တွေ ဖန်တီးနေရတာကို ပျော်ကြောင်း တစ်နေ့တော့ သူ့ဟာသူ ကြည့်ပြီး တော်သင့်ပြီ၊ တခြားဟာလုပ်သင့်တယ်လို့ ပြောမိ ပြီဆိုရင် ရပ်နားလိုက်မယ်လို့ ပြောကြားသွားပါတယ်။

MND

ကိုးကား - AFP