ရန်ကုန် ၁၇ ဩဂုတ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်း စီစဉ်ကျင်းပသော ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို "လူငယ်နှင့်နေ့စဉ်ဘဝပရဟိတ" ခေါင်းစဉ်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြို့ရေးပရဟိတဂေဟာ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ၌ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကိုစတင်ခဲ့သည်။ ထို့နောက်ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦး၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဂုဏ်ထူးဆောင်နာယက ဦးအောင်ထွန်းခိုင်နှင့် စာရေးဆရာမ မေသင်္ကနြ်ဟိန်(မြစ်မခ)တို့မှ "လူငယ်နှင့်နေ့စဉ်ဘဝပရဟိတ" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ရှင်သာမဏေများနှင့် သီလရှင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်သား၊ ကျောင်းသူများ စုစုပေါင်း (၅၂၀)ဦးခန့်တက်ရောက်ခဲ့ကြကာ အခမ်းအနားကို ညနေ ၃ အချိန်ထိ အောင်မြင်စွာကျင်းပခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သတင်းရရှိသည်။
MDN


