တိုကျို အောက်တိုဘာ

ဂျပန်တော်ဝင်မင်းသမီး မာကိုသည် ၎င်း၏ချစ်သူ ကီကိုမူရိုနှင့် အောက်တိုဘာ ၂၆ ရက်တွင် လက်ထပ်တော့မည်ဟု သိရသည်။

ရှေးရိုးရာအစဉ်အလာ အခမ်းအနားမပါဘဲ လက်ထပ်ပွဲကို ပြုလုပ်သွားမည်ဟု တော်ဝင်မိသားစုအေဂျင်စီက အောက်တို ဘာ ၁ ရက်တွင် ပြောသည်။

ကိုမူရို၏မိခင်နှင့် ပတ်သက်သည့် ငွေရေးကြေးရေးအငြင်းပွားမှုများမှာ သုံးနှစ်ကြာပြီဖြစ်သော်လည်း မီဒီယာများက ဖော်ပြပြီးနောက် တငွေ့ငွေ့လောင်မြိုက်နေဆဲဖြစ်သည်။ မင်းသမီးမာကိုသည် လက်ရှိ ဂျပန်ဧကရာဇ် နာရူဟီတို၏ တူမဖြစ်ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ စိတ်ဖိစီးမှုဝေဒနာခံစားနေရသည်ဟု အေဂျင်စီက ဖော်ပြထားသည်။

မင်းသမီး မာကိုနှင့်၎င်းချစ်သူ နှစ်ဦးစလုံးမှာ အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ၎င်းတို့လက်ထပ်ပြီးနောက် စိတ်ခံစားရမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်သွား မည်ဖြစ်သည်ဟု အေဂျင်စီကပြောသည်။ ကိုမူရိုမှာ အမေရိကတွင် ဥပဒေကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နေပြီး အမေရိကန်သို့ မပြောင်းရွှေ့မီ လက်ထပ်မှတ်ပုံ တင်ရန် မျှော်မှန်းထားကြသည်။

လူအများစုမှာ ကိုမူရိုမိခင်၏ ငွေကြေးအရှုပ်အရှင်းအပေါ် ရှင်းလင်းမှုကို စိတ်ကျေနပ်မှုမရှိကြဘဲ ကိုမူရိုမိသားစုနှင့်ပတ်သက်၍ သတင်းဆိုးများကြောင့် စိတ်မသက်မသာ ဖြစ်ကြရသည်။

မင်းသမီးမာကို၏ မောင်တော်စပ်သူမင်းသားဟီဆာဟီတိုမှာ ထီးနန်းဆက်ခံရန် ဒုတိယနေရာတွင်ရှိနေပြီး တော်ဝင်မိသားစုနှင့် ကိုမူရိုမိသားစုဆွေမျိုးတော်စပ်ရန် သင့်လျော်မှုမရှိဟု ယူဆကြသည်။

ကျိုဒို