မင်းတပ်  ၁၇ ဇန်နဝါရီ     

           

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန မင်းတပ်အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ၂၀၁၉−၂၀၂၀ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ၏ Student Skills Competition ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်နှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။ ဆက်လက်၍ အစိုးရနည်းပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သူထိုက်မှ Student Skills Competition ပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်မှု အရည်အသွေး မြင့်မားလာစေရန်နှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည့် ခေတ်နှင့်အညီ ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက်ပြိုင်ပွဲများ ဆက်လက်ကျင်းပပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ကြသည်။

 

အစိုးရနည်းပညာအထက်တန်းကျောင်းမှ လူငယ်လူရွယ်များကို စက်မှုပိုင်းဆိုင်ရာ နည်းပညာများကိုစာတွေ့၊ လက်တွေ့ ခေတ်နှင့်အညီ သင်ကြားပေးသဖြင့် ဒေသတွင် များစွာအကျိုးရှိပြီး တစ်ဦးချင်း၏ ဝမ်းစာအတွက် အထောက်အပံ့ ဖြစ်သဖြင့်များစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

 

လင်းလင်း(ပြန်/ဆက်)

 

mdn