မင်းတပ် ၁၈ ဖေဖော်ဝါရီ
ချင်းပြည်နယ် မင်းတပ်မြို့ မြို့မဘောလုံးကွင်း၌ ယနေ့ နံနက် ၈ နာရီခွဲတွင် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးဖွင့်ပွဲ အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။
မုခ်ဦးဖွင့်ပွဲ အခမ်းအနားတွင် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ မင်းတပ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဉက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့မိမြို့ဖ ဦးလိန်ဟုန်းနှင့် ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေး ဦးစီးကော်မတီ ဉက္ကဋ္ဌ ဦးရွှေနိုင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဘောလုံးကွင်း၌ ခင်းကျင်းပြသထားသော ရိုးရာယဉ်ကျေးမှုပြခန်း၊ GTHS အစိုးရနည်းပညာ စက်မှု၊ လက်မှုနည်းပညာ ဆိုင်ရာပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ဒေသထွက် စိုက်ပျိုးသီးနှံပြခန်း၊ မျိုးဆက်ပွား ကျန်းမာရေး ပညာပေးပြခန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် ဂရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (KMSS HAKHA) ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ခွီရှိန်းမောင်း (ခရိုင်ပြန်/ဆက်)


