မင်းတပ် ၁၈ နိုဝင်ဘာ
မင်းတပ်မြို့ လူငယ်သင်တန်းကျောင်း အမှတ်(၂) ၌ Facility Quarantine နေထိုင်ပြီးသူ (၂) ဦးအား ယနေ့ နံနက် ၁၁ နာရီတွင် အိမ်ပြန်ခွင့်လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ Facility Quarantine နေထိုင်ပြီးသူ (၂) ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အိမ်ပြန်ခွင့်လက်မှတ်ပေးအပ်ပြီး အိမ်တွင်လည်း Home Quarantine (၁၀) ရက်ပြန်လည် နေထိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။ ယခုလက်ရှိတွင် မင်းတပ်မြို့ Quarantine Centre များ၌ Facility Quarantine နေထိုင်သူ စုစုပေါင်း၆၁ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၁) ဦး ရှိပြီကြောင်း ခရိုင်ပြည်သူ့ ကုသကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းနိုင်ထံမှ သိရသည်။
ခွီရှိန်းမောင်း(မင်းတပ်)


