မင်းတပ် ၃၀ ဧပြီ
ချင်းပြည်နယ် မင်းတပ်မြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာများထားရှိသည့်နေရာများနှင့် မြို့မဈေးရှိ ဈေးဆိုင်ခန်းများ၌ မင်းတပ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ကလိုရင်းပိုးသတ်ဆေးရည် ပက်ဖျန်းကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသံသလူနာများထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအမှတ်(၁)နှင့် မင်းတပ်မြို့ မြို့မဈေးဆိုင်ခန်းများနှင့် ဟင်းသီးဟင်းရွက်ဆိုင်တန်းများ၊ အသားငါးဈေးတန်းများနှင့် အများပြည်သူများအသွားအလာများသည့် နေရာများ၌ ကလိုရင်းပိုးသတ်ဆေးရည်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်၍ ပက်ဖျန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)


