မင်းတပ် မေ

 

မင်းတပ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရပ်ဘက်လူမှုကူညီရေးအဖွဲ့အစည်းမှ ယနေ့ ညနေ နာရီတွင် ကျောက်ထု- မင်းတပ်- မတူပီကားလမ်းတလျှောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကလိုရင်းပိုးသတ်ဆေး ပက်ဖျန်းလျက်ရှိကြောင်း သိရသည်။

 

မင်းတပ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရပ်ဘက်လူမှုကူညီရေးအဖွဲ့အစည်းမှ မနိုဝင်ထွေးကကျွန်မတို့အဖွဲ့က မင်းတပ်မြို့မှာရှိတဲ့ မိဘပြည်သူတွေ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ရည်ရွယ်ပြီး ကျောက်ထု- မင်းတပ်- မတူပီကားလမ်းတစ်လျှောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကလိုရင်းပိုးသတ်ဆေးရည်ကို မင်းတပ်မြို့ဝင် ဌာနဆိုင်ရာစုပေါင်းဂိတ်ကနေ မင်းတပ်မြို့ အနောက်ရပ်ကွက် မြို့စွန်အထိ ဖျန်းပေးတာဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကလိုရင်းပိုးသတ်ဆေးရည်ကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တွေမှာ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေထားတဲ့ နေရာရယ်၊ လူသွားလူလာများတဲ့ လမ်းဆုံလမ်းခွနေရာရယ်၊ မင်းတပ်မြို့ မြို့မစျေးမှာရောင်းတဲ့ အထည်ဆိုင်တွေ၊ လမ်းဘေးစျေးဆိုင်တွေ၊ ဟင်းသီးဟင်းရွက်စျေးဆိုင်တွေ၊ အသားငါးစျေးတန်းတွေကို ဖျန်းပေးပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်ဖြန့်တာတွေလည်း လုပ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွေမှာ အသုံးပြုဖို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အလှူငွေတွေ၊ ကာကွယ်ရေးပစ္စည်းတွေ ထည့်ကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်၊ ထည့်ဝင်ပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထုတ်ပြန်ထားတဲ့ စာတွေ၊ အသိပညာပေးတာတွေ လိုက်နာကြဖို့၊ အပြင်ထွက်မယ်ဆိုလည်း နှာခေါင်းစည်း (Mask) တပ်ကြဖို့ထပ်ပြီး တိုက်တွန်းချင်ပါတယ်" ဟု ပြောသည်။

 

မင်းတပ်မြို့၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း မင်းတပ်မြို့အဝင် ဌာနဆိုင်ရာစုပေါင်းဂိတ်၌ မင်းတပ်မြို့သို့ ဝင်ရောက်လာသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ၊ အသိပညာပေးခြင်းများနဲ့ လက်ကမ်းစာစောင်များဖြန့်ဝေကာ နေ့စဉ်အသိပညာပေးလျက်ရှိကြောင်း သိရသည်။

 

ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)