မင်းတပ် ၁၄ မေ
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပြည်သူများလိုက်နာရန် ထုတ်ပြန်ထားသည့်အမိန့်ကို မလိုက်နာသူများအား အရေးယူခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အမိန့်ကို မေ ၁၁ ရက်နေ့အထိ ပညာပေး ကာလအဖြစ်သတ်မှတ်ကာ အသိပေး နှိုးဆော်ပြီးနောက် မေ ၁၂ ရက်နေ့တွင် ဖောက်ဖျက်ကျူးလွန်သူ ၁၉ ဦးအား မင်းတပ်မြို့နယ်တရားရုံးမှ ငွေဒဏ် ၅၀ဝ၀ ကျပ် ထမ်းဆောင်ရန် ယမန်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးထံမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


