မင်းတပ် ၁၅ မေ
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ည ၁၀နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ ဒေသန္တရအမိန့်ကို ဧပြီလ ၂၈ ရက်နေ့တွင်ထုတ်ပြန်ထားပြီး အဆိုပါဒေသန္တရအမိန့်အား မလိုက်နာသူများအား ယမန်နေ့က ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ချမှတ်ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသော ဒေသန္တရအမိန့်ကို လိုက်နာရန်ပျက်ကွက်သူ ၉ ဦးအား မင်းတပ်မြို့နယ်တရားရုံးတွင် ထောင်ဒဏ် တစ်လ ပြစ်ဒဏ်ချမှတ်ကြောင်း ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ထံမှသိရသည်။
မင်းတပ်မြို့ ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအနေဖြင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှသာ အပြင်ထွက်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်လျက်ရှိပြီး လိုက်နာရန်ပျက်ကွက်သူများကို အရေးယူခြင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတပ်မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးမောင်ထူးထံမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)