မင်းတပ် ၁၂ ဒီဇင်ဘာ   

 

ပခုက္ကူခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပခုက္ကူလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဦးစီးဌာနနှင့် ပခုက္ကူမြန်မာ့အာမခံလုပ်ငန်းမှ ဝန်ထမ်းများ ပူးပေါင်းသည့်အဖွဲ့က ချင်းပြည်နယ် မင်းတပ်မြို့ မြို့မဘောလုံးကွင်း၌ ဒီဇင်ဘာ ၂၀ ရက်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ နှစ်လဲသက်တမ်းတိုးခြင်း ပြုလုပ်ပေးမည်ဖြစ်သည်။

 

ယင်းနေ့တွင်  နံနက် နာရီမှ ညနေ နာရီအထိ မင်းတပ်မြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ နှစ်လဲသက်တမ်းတိုးပေးမည်ဖြစ်၍ နှစ်လဲသက်တမ်း တိုးမည့်သူများ လာရောက်ပြုလုပ်နိုင်ပြီး ၂၀၁၉ ခုနှစ်အတွင်း ယခုအကြိမ်နှင့် သုံးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ခွီရှိန်း(ခရိုင် ပြန်/ဆက်)