မင်းတပ် ၂  သြဂုတ်

 

မင်းတပ်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သုံးသောင်းကျော်၏ အမည်စာရင်းများ ကပ်ထားကြေညာလျှက်ရှိရာ ယနေ့ချိန်အထိ လာရောက်ကြည့်ရှုသူပေါင်း ၁၅၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မင်းတပ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

           

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးမျိုးမြင့်အောင် က "မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာတဲ့ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးကို မဲစာရင်း လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေရဲ့ အမည်စာရင်း အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ဖို့ စေတနာ့ဝန်ထမ်းလူငယ်တွေက ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ကပ်ထားကြေညာလျက်ရှိရာ ယနေ့ချိန်အထိ အဆန္ဒမဲပေးခွင့်ရရန်  ပုံစ (၃) ဖြင့် လျှောက်ထားလာသူ (၂၀၀) ကျော်ကို လက်ခံစိစစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။  အခု မဲဆန္ဒရှင်စာရင်းမှာ အမည်စာရင်း ပါဝင်ပေမယ့် ကွယ်လွန်သူများနှင့် ရွေးကောက်ပွဲဉပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် မရှိတဲ့သူတွေကို ပုံစံ(၄)နဲ့ ကန့်ကွက်လွှာတင်သွင်းလာတာ (၅၀)ဦးခန့်ရှိတယ်” ဟု ပြောကြားသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မင်းတပ်မြို့နယ်အတွင်း မံရုံပေါင်း ၁၁၆ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)