မင်းတပ်  ၂၉  ဇူလိုင်

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မင်းတပ်မြို့၊ မြို့မဈေးအတွင်းရှိ ပျံကျဈေးတန်းတွင် ရောင်းချနေသော အသားငါး အရောင်းဆိုင်များ နှင့် အသားခြောက်အရောင်းဆိုင်များကို FDA နှင့် ဌာနဆိုင်ရာမှ တာဝန် ရှိသူများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီက  ကွင်းဆင်းစစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။

 

မင်းတပ်မြို့အတွင်း မြို့မဈေးရှိ ပျံကျဈေးတန်းတွင် ရောင်းချနေသော အသားငါး အရောင်းဆိုင်များနှင့် အသားခြောက် အရောင်းဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန်အတွက် စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှုရှိ မရှိ FDA နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပထမအကြိမ် ကွင်းဆင်းစစ်ဆေးကာ သတိပေးစာပေးခြင်းများပြုလုပ်ခဲ့ပြီး ယခုထပ်မံစစ်ဆေးချိန်တွင် လိုက်နာမှုမရှိသော ဈေးဆိုင်များအား ဒုတိယအကြိမ် သတိပေးစာ ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ထပ် တတိယအကြိမ် စစ်ဆေးချိန်တွင် လိုက်နာမှုမရှိသော ဈေးဆိုင်များအား စည်ပင်သာယာရေးဥပဒေနှင့်အညီ ဈေးရောင်းချခွင့် ပိတ်သိမ်းခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အစားအစာရောင်းချသည့်ဈေးဆိုင်များကို မင်းတပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ FDA၊ စည်ပင်ကော်မတီအဖွဲ့၊ ကျန်းမာရေးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

 

#MRTV