မင်းတုန်း ဇူလိုင် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုင်ဒိုးကျေးရွာအုပ်စု၊ စိုင်ဒိုးကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က စိုင်ဒိုးကျေးရွာ၌ ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ မြစိမ်း ရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ရည်ရွယ်ချက်၊ ရရှိလာမည့် အကျိုးကျေးဇူးများ ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၃ ဒသမ ၄သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စိုင်ဒိုးကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ သုံးဦးကို ငွေကျပ် ၁ ဒသမ ၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၃ ဦးကို ငွေကျပ် ၄၁ ဒသမ ၁သန်း၊ အ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို ငွေကျပ် ၀ ဒသမ ၈သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၆၇ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၃ ဒသမ ၄သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နော်လူး
ဒေါ်ခင်ယုယုထွန်း


