မင်းတုန်း  ၁၃  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ခုံတိုင်ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ယူနီဆက်၊ ကျေးလက်နေပြည်သူများ ပူးပေါင်း၍ အိမ်တိုင်ရာ ရောက်ရေပေးရေးစနစ်ကို စက်တင်ဘာလဒုတိယပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းတုန်းမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရေးအတွက် နှစ်စဉ် ဦးစားပေးအလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခုံတိုင်ကျေးရွာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းပေ (၈၀၀၀) သွယ်တန်းခြင်းလုပ်ငန်းကို ယူနီဆက်မှ လိုအပ်သော ပိုက်များကို ထောက်ပံ့ပေးပြီး ကျေးလက်နေပြည်သူများက ပိုက်ဆက်ပစ္စည်းများနှင့်လုပ်အားတို့ ပူးပေါင်းပါဝင်၍ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပိုက်လိုင်းဒီဇိုင်းရေးဆွဲခြင်းနှင့် လိုအပ်သည့် နည်းပညာအကူအညီတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောပြ၍ သိရသည်။

 

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းသည် အဆိုပါကျေးရွာရှိ အိမ်ခြေ(၁၈၆)အိမ် တို့၏ လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အချိန်ကုန်သက်သာစွာဖြင့် သောက်သုံးရေများ ဖူလုံစွာရရှိရေးတို့အတွက် အကျိုးပြုလျက်ရှိကြောင်း သိရသည်။

 

စိုးမိုးကျော်