မင်းတုန်း နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေ များကြောင့် ပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၆)ကျောင်း၊ အလယ်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၁)ကျောင်း၊ မူလတန်း လွန်ကျောင်း (၂၈)ကျောင်း၊ မူလတန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်းခွဲ(၄)ကျောင်း၊ အခြေခံပညာကျောင်း စုစုပေါင်း(၁၅၀)ရှိပြီး အဆိုပါကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး တစ်ရက်လျှင်စာသင်ကြားချိန်(၇)ချိန်ဖြင့် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


