မင်းတုန်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဥယျာဉ်ပု(အရှေ့)ရွာနှင့် ဥယျာဉ်ပု (အနောက်)ရွာတို့ ကျေးရွာမီးလင်းရေးအတွက် ဇွန် ၂၄ ရက်က ဓာတ်အား စတင်ပို့လွှတ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဝင်းရွှေက အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်မှူး ဦးထွန်းလွင်က လျှပ်စစ်မီး အသုံးပြုပုံနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါကျေးရွာ မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥယျာဉ်ပု(အနောက်)ရွာကို NEP Phase-2 ဖြင့် တည်ဆောက်ထားပြီး 11KVA လိုင်း 100KVA ထရန်စဖော်မာ 400V လိုင်းဖြင့် အိမ်ခြေ ၁၃၇ အိမ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ကာ ဥယျာဉ်ပု(အရှေ့)ရွာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် 11KVA လိုင်း 100KVA ထရန်စဖော်မာ 400V လိုင်း တည်ဆောက်ခဲ့ကာ အိမ်ခြေ ၄၅ အိမ်သို့ မင်းတုန်းမြို့ လျှပ်စစ် ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်နိုင်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)