မင်းတုန်း မေ ၁၂
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်းတုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အမှာစကားပြောကြားပြီး မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်မိုင်တင်မာလာအောင်က ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မြောင်ကျေးရွာအုပ်စုမှ တောင်သူ ၂၂ ဦးအား စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၁၅၄ သိန်း ပေးအပ်ခဲ့ကြသည်။ မင်းတုန်းမြို့နယ် ဘဏ်ခွဲအနေဖြင့် ရက်(၁၀၀) စီမံချက်အတွင်း ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ၁၀၄၉ ဒသမ ၄၂၅ သန်း ထုတ်ချေးရန်လျာထားကြောင်း သိရသည်။
ချင်းကလေး(NRDC)


