မင်းတုန်းမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး

မင်းတုန်း ၁၅ ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်ငကုန်းကျေးရွာနှင့် ၈ မိုင်အကွာတွင် ဝ ဒသမ၈ ဧကရှိ ဘိန်းခင်းတစ်ခင်းကို ဖေဖော်ဝါရီ ၁၄ ရက်  မွန်းလွဲပိုင်းက ဖျက်ဆီးခဲ့ကြောင်း သိရသည်။  

အဆိုပါ ဘိန်းခင်းဖျက်ဆီးခြင်းကို နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မင်းတုန်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ကာ ငကုန်းတောင်နှင့် ရသေ့တောင်အကြားစကူချောင်း ဖျားတွင် အပင်အရပ်၂ ပေခွဲခန့်ရှိသော ဘိန်းစိုက်ခင်းများအား ဖျက်ဆီးခဲ့ပြီး ငကုန်းကျေးရွာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပညာပေးဟောပြောခဲ့ကြသည်။

ယခင်လများတွင်လည်း မင်းတုန်းမြို့နယ်၌ ၁ဧက တစ်နေရာနှင့် ၅ ဧက တစ်နေရာ စုစုပေါင်း ၆ဧက ဖျက်ဆီးနိုင်ခဲ့ကြကြောင်း မင်းတုန်းမြို့ မြို့မစခန်းမှူး ဒုတိယရဲမှူးစိန်သောင်းကပြောသည်။ မကွေးတိုင်းဒေသကြီးအတွင်း မင်းတုန်းမြို့နယ်အပြင် ငဖဲမြို့နယ်နှင့် မင်းလှမြို့နယ်များတွင်လည်း ပြီးခဲ့သည့်လများအတွင်း ဘိန်းခင်းများ ဖျက်ဆီးခဲ့ရကြောင်း သိရသည်။

ကိုဇော်(ဓာတု)

 

mdn