မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိ

မင်းတုန်း မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၊ တကောင်းနက်ကျေးရွာ၊ လယ်ကြီးဒေါင့်ကျေးရွာ၊ တပ်ကျေးရွာနှင့် ဒလယ်ပြင်ကျေးရွာတို့တွင် ထိုးနှံပေးလျက်ရှိပြီး လူဦးရေ(၆၅၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး Community Phase တွင် ဆေးထိုးရန်အကျုံးဝင်သူ လူဦးရေ (၄၈၅၇၃)ဦးရှိသည့်အနက် အကြိမ်ပြည့် ကာကွယ်ဆေးထိုးပြီးလူဦးရေ (၃၁၉၀၈)ဦး၊ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ဒုတိယအကြိမ်ထိုးရန် ကျန်ရှိသူ (၂၈၈၄)ဦးနှင့် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူ (၁၃၇၈၁)ဦး ကျန်ရှိကာ School Phase တွင် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူ (၂၂၆၇)ဦး ရှိသည့်အနက် (၂၁၂၃)ဦးအား ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)