မင်းတုန်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှဉ်ရှည်ဝါ တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် ဝါမျိုးစေ့(ရွှေတောင်-၈) မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ချည်မျှဉ်ရှည်ဝါ စိုက်ပျိုးနိုင်မည့် လယ်၊ ယာ၊ ကိုင်းမြေ အမျိုးအစားများ၊ ဝါအထွက်နှုန်းနှင့် ဈေးကွက် အခြေအနေတို့အား ဆွေးနွေးခဲ့သည်။
ထို့နောက် ဝါမျိုးစေ့(ရွှေတောင်-၈) မျိုးစေ့များကို ဌာနဆိုင်ရာအကြီးအကဲများက ထောက်ပံ့ ပေးအပ်ရာ ချည်မျှဉ်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)