မင်းတုန်း ၂၂ သြဂုတ်
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီခန့်မှ ၇ နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်လည်-မိုးကောင်း ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ပေ (၈၀´× ၁၄´´× ၁၅´) အိုင်းမချောင်းကူး ကျောက်ရိုးစီသစ်သားတံတားသည် ချောင်းရေလျှံတက်လာပြီး ယမန်နေ့ညတွင် ပြိုကျပျက်စီးခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် သိရသည်။
အဆိုပါ တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြန်လည်တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(မင်းတုန်း)


