မင်းတုန်း ၁၇ မေ
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပေါက်ကိုင်းကျေးရွာတွင် မူးချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေလွှဲလမ်းကြောင်းတူးဖော်ခြင်းကို ကျေးရွာပြည်သူလူထုထည့်ဝင်ငွေဖြင့် ယနေနံနက်တွင် ကျေးရွာလူထုမှ ဆောင်ရွက်ခဲ့ကြသည်။
ပေါက်ကိုင်းကျေးရွာသည် မူးချောင်းနှင့်မင်းတုန်းချောင်းဆုံရွာတွင် တည်ရှိပြီး အဆိုပါ ချောင်းနှစ်ခုလုံးမှာ နှစ်စဉ် ရေစီးလမ်းကြောင်း ပြောင်းလဲ၍ စီးဆင်းလေ့ရှိ ပြီးမူးချောင်းမှာပေါက်ကိုင်း ကျေးရွာနှင့် မိုပိုနီးကပ်လာပြီးမိုးတွင်းတွင် ကျေးရွာဘက်ချောင်းကမ်းပါး ရေတိုက်စားလာနိုင်၍ ရေစီးလမ်းကြောင်း ပြောင်းလဲစေရန် ရေလွှဲလမ်းကြောင်း တူးဖော်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)


