မင်းတုန်း ဩဂုတ် ၈

   

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် Oxygen Plant  တည်ဆောက်ရန် မြေနေရာရှင်းလင်းပြုပြင်ခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက် ပြည်သူ့ဆေးရုံနောက်ရှိ မြေနေရာတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ Oxygen Plant ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အိုးအလုံး ၂၀ ဖြည့်နိုင်သည့်စက်အား တည်ဆောက်ရန်လျာထားကြောင်း သိရသည်။

 

Oxygen Plant တည်ဆောက်ပြီးစီးပါက မင်းတုန်းမြို့နယ်အတွင်း Oxygen လိုအပ်သည့်လူနာများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လိုအပ်သည့် အခက်အခဲများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းကလေး(NRDC)