မင်းတုန်း  ၂   သြဂုတ် 


သရက်ခရိုင်၊ မင်းတုန်းမြို့တွင်ယနေ့နံနက် ၇ နာရီခွဲကရာသီတုပ်ကွေး ပညာပေးလက်ကမ်းစာစောင်(၅၀ဝ)အား စည်ပင်သာယာဈေးနှင့် အမှတ်(၁၊၂၊၃၊၄)ရပ်ကွက်ရှိ လမ်းဆုံများတွင်ပြည်သူများထံ ဖြန့်ဝေခဲ့သည်။ 


အဆိုပါ လက်ကမ်းစာစောင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး၊ မင်းတုန်းမြို့မကျန်းမာရေးမှူး ဦးမောင်ဇော်နှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ နေရာခွဲ၍ ဖြန့်ဝေခဲ့ကြခြင်း ဖြစ်သည်။


ယခုကဲ့သို့ ရာသီတုပ်ကွေး ပညာပေး ဆောင်ရွက်ရခြင်းမှာ ယမန်နေ့က ဆေးရုံတက်လာသော လူနာနှစ်ဦးတွင် Influenza Virus Type A (မစိုးရိမ်ရ)ပိုး တွေ့ရှိခြင်း၊ ရန်ကုန်မှခရီးသည် အဝင်အထွက်ရှိခြင်းတို့ကြောင့် ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)