မင်းတုန်း ၁ သြဂုတ်  


သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ရာသီတုတ်ကွေး(H1N1)လူနာနှစ်ဦး တွေ့ရှိခဲ့ရာ မမိုးပြည့်ပြည့်မောင်မှာ ယနေ့နံနက် ၉ နာရီတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူရာ ရာသီတုတ်ကွေးပိုး တွေ့ရှိ၍မြို့နယ်ဆရာဝန် ဒေါက်တာထွန်းလင်းအောင်က ပထမဆုံးတွေ့ရှိသည့် လူနာဖြစ်၍ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့သည်။


ထို့နောက် ၁၂ နာရီခွဲတွင် မပပသင်းမှာလည်း ဆေးရုံတက်ရောက်လာရာတွင် ရာသီတုတ်ကွေးပိုးတွေ့ရှိ၍ မင်းတုန်းမြို့ပြည်သူ့ဆေးရုံ အထူးခန်းတွင်သီးသန့် ကုသပေးလျှက်ရှိသည်။


အဆိုပါ လူနာနှစ်ဦးစလုံးမှာ ထန်းညှောက်တင် ကျေးရွာမှ မမိုးပြည့်ပြည့်မောင် (၁၅)နှစ်နှင့် မဲဇလီကျေးရွာမှ မပပသင်း (၁၅)နှစ်တို့ဖြစ်ပြီး မင်းတုန်းမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဘော်ဒါဆောင်မှနေ၍ မင်းတုန်းမြို့ အထက်တန်းကျောင်း နဝမတန်းတွင် ပညာသင်ကြားနေသော ကျောင်းသူများ ဖြစ်သည်။
    

ယခုကဲ့သို့ ရာသီတုတ်ကွေး (H1N1) လူနာတွေ့ရှိသောကြောင့် မြို့နယ်ဥပဒေအရာရှိ ဦးသန့်ဇင်အောင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာဦးဆွေတင်ဦး၊ သဘာဝဘေးအန္တရာယ်ကူညီ ထောက်ပံ့ရေး ပရဟိတအဖွဲ့မှ ဦးမြင့်အောင်နှင့် ဦးဇင်မြတ်ထွန်းတို့က နှာခေါင်းစီးများကို လမ်းသွားလမ်းလာများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)

 

1