မန့်ဟီးရိုး ၂၀ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးမှ ဝန်ထမ်းများသည် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များကို ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခြင်းကို အမှတ်(၁)ရပ်ကွက်အတွင်း အောက်တို ဘာ လ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး လက်ကမ်းစာစောင်များတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပ မည့်နေ့ရက်တွင် လိုက်နာဆောင်ရွက်ရမည့် အရေးကြီးတဲ့ သတိပေးချက်များဖြစ်သော “ဘေးကင်းလုံ ခြုံစွာနေပါ၊ သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ ဖြည့်စွက်ရန်လိုအပ်မယ့်ပုံစံများ၊ သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ အတူ တကွမဲပေးကြပါစို့၊ ဒီမိုရရေစီရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများအားလုံး မဲပေးကြစို့နှင့် COVID-19 ကိုဗစ် ၁၉ရောဂါမကူးစက်အောင် မိမိကစပြီးကာကွယ်ပါ” စသည့် အချက် များကို သရုပ်ဖော်ပုံများဖြင့် ထုတ်ဝေထားကြောင်းတွေ့ရှိရပြီး အဆိုပါအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေရင်း လက်ကမ်းစာစောင်ပါ အချက်များကို ဒေသခံပြည်သူများကို ပညာပေးဆွေးနွေးခဲ့ကြကြောင်းသိရှိ ရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဒေသခံပြည်သူများကို လက် ဝယ်အရောက် ဖြန့်ဝေရင်း အသိပညာပေး ဆောင်ရွက်ခြင်းကို မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း မြို့ဦးစီးမှူးဒေါ်စန္ဒာဝင်းထံမှ သိရှိရ သည်။
စန္ဒာ(ပြန်/ဆက်)


