၂၁ အောက်တိုဘာ

 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မန်ချက်စတာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များလားတဲ့ အတွက် တားမြစ်မှု အဆင့် ၃ ဖြင့် အသွားအလာ ကန့်သတ်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ်က လူဦးရေ ၂.၈ သန်းနီးပါး နေထိုင်တဲ့  မန်ချက်စတာမြို့ကို ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန် အဆင့် ၃ ကို လာမယ့် သောကြာနေ့ကစပြီး သတ်မှတ်မှာ ဖြစ်ပါတယ်။

 

 

ဗြိတိန်အစိုးရက ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန် အဆင့် ၃ ဆင့်ခွဲပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဆင့် ၃ ဟာ အသွားအလာ လုံးဝကန့်သတ်မှု  (lockdown) ကို ရှောင်မယ့် အတင်းကျပ်ဆုံး အသွားအလာ ကန့်သတ် တားမြစ်မှု ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားမြစ်ဟန့်တားမယ့် အဆင့် ၃ သတ်မှတ်ခံရတဲ့ ပထမဆုံး နေရာဒေသဟာ မန်ချက်စတာ ဖြစ်လာတာကို တွေ့ရပါတယ်။

 

 

အဆင့် ၃ သတ်မှတ်ခံရတဲ့ မန်ချက်စတာ ဒေသခံတွေဟာ အဆောက်အအုံ အတွင်း၊ အပြင် တွေမှာ လူစုဝေးခွင့် မရှိခြင်း၊ အဆောက်အအုံ ပြင်ပနဲ့ ပန်းခြံတွေမှာ လူ ၆ ဦးထက်ပိုပြီး စုဝေးခွင့် မရှိခြင်း၊ အစား အစာရောင်းချခြင်းမရှိတဲ့ ဘားတွေ၊ ဘုံဆိုင်တွေအား ပိတ်ခြင်း၊ ညွှန်ကြားချက်နဲ့ ဆန့်ကျင်ပြီး ခရီးသွားလာခွင့် မရှိခြင်းတို့ ပါရှိပါတယ်။

 

 

အခုလို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ရန်အတွက် ၁၀ ရက်တိတိ အစိုးရအဖွဲ့က မန်ချက်စတာ မြို့တော်ဝန်နဲ့ သဘောတူညီချက် ရအောင် ဆောင်ရွက်ခဲ့ရကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ အသွားအလာ ကန့်သတ်မယ့် အဲဒီဒေသအား စတာလင်ပေါင် ၂၂ သန်း အစိုးရက ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

 

 

အဲဒီလို တင်းကျပ်တဲ့ စည်းမျဉ်းချမှတ်ပေမယ့် လိုအပ်သော ငွေကြေးထောက်ပံ့မှု မပေးခဲ့တဲ့ အတွက် အစိုးရအား  မန်ချက်စတာ ဒေသခံ ခေါင်းဆောင်တွေက ခါးခါးသီးသီး ဆန့်ကျင်နေပါတယ်။ မန်ချက်စတာ မြို့တော်ဝန်က သူ့ဒေသတွင်းမှာ အလုပ်အကိုင်တွေ ပိတ်ထားရမှာဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ ဒေသတွင်းက စီးပွားရေး လုပ်ငန်းတွေကို ကူညီရန် စတာလင်ပေါင်  ၆၅ သန်း လိုအပ်ကြောင်း အစိုးရကို တောင်းခံထားပေမယ့် အစိုးရရဲ့လက်ရှိ ထောက်ပံ့ငွေဟာ ဒေသတွင်းမှ မလုံလောက်ကြောင်း သတင်းဌာနတွေကို ပြောပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၁,၃၃၁ ဦး ရှိပြီး သေဆုံးသူ ၂၄၁ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP