မန်ကန် သြဂုတ် ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မက်မန်းခရိုင်၊ မန်ကန်မြို့၌ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန်ကန်-ပန်ဆန်း(ပန်ခမ်း)လမ်းမကြီးတွင် ကမ်ပါးမြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့မြေပြိုဖြစ်ပွားသဖြင့် လမ်းအနည်းငယ်ပိတ်ဆို့ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မန်ကန်နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ လူအင်အားဖြင့် ဝိုင်းဝန်းဖယ်ရှားခဲ့ရာ ယာဉ်များသွားလာနိုင်ခဲ့သည်။
အလားတူ မိုးအဆက်မပြတ်ရွာသွန်းပါက ထပ်မံမြေပြိုမှုဖြစ်ပွားနိုင်သဖြင့် ယာဉ်သွားလာမှုများ သတိထား သွားလာကြရန်အသိပေးထားကြောင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ကျော်ဇင်ထက် (ပြန်/ဆက်)


