ရန်ကုန်   ဖေဖော်ဝါရီ   ၂၃

လာမည့် ၂၀၂၆-၂၀၂၇ ရာသီ MNL-2 ပြိုင်ပွဲ တန်းတက် ကစားခွင့်ရမည့် MNL-2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။

ယင်းပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၁ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး  အုပ်စုခွဲဝေမှုအရ အုပ်စု(A)တွင်  အာယုအသင်း၊  Enjoy Brother အသင်း၊ Happy Friendship အသင်း၊ မကွေး ယူနီယံအသင်း၊   Royal  Chindwin  အသင်းနှင့်  Swat-E Academy အသင်း၊ အုပ်စု(B)တွင် 10/Mon အသင်း၊ Asia Lion အသင်း၊ Elite Kings အသင်း၊ MYWD Star အသင်း နှင့် သန်လျင်စီးတီးအသင်းတို့ ပါဝင်နေသည်။  ပြိုင်ပွဲကို မတ် ၁ ရက်မှ ၁၅ ရက်အထိ သုဝဏ္ဏလေ့ကျင့်ရေးကွင်း -၁ နှင့် ဗဟန်း မြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်သည်။

 ပြိုင်ပွဲဝင်အသင်း ၁၁ သင်းကို အုပ်စုနှစ်ခုခွဲ ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး နှစ်သင်းစီ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး ဗိုလ်လုပွဲရောက်ရှိသည့် နှစ်သင်းက လာမည့် ရာသီ MNL-2 ပြိုင်ပွဲ တန်းတက် ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MNL