ရန်ကုန်၊    ဇန်နဝါရီ

၂၀၂၀ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီသစ်မစမီမှာပင် နည်းပြချုပ် နေရာ ပြောင်းလဲခဲ့ပြီး ဦးဟန်ဝင်းအောင် ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ပြင် ရှမ်းယူနိုက်တက် အသင်းသည် ရာသီသစ်အတွက် ကစားသမားသစ်များ စတင်ခေါ်ယူနေပြီဖြစ်ပြီး ဧရာဝတီတောင်ပံ ကစားသမားဟောင်း သီဟဇော် ကို ခေါ်ယူခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် နှစ်ရာသီဆက် MNL အမှတ်ပေးချန်ပီယံဖြစ်ခဲ့သော်လည်း လူငယ်နည်းပြ များကို နေရာပေးလိုသောကြောင့် ယခင်နည်းပြချုပ် ဦးအောင်နိုင်အား နည်းစနစ် ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ပေးကာ လူငယ်နည်းပြ ဦးဟန်ဝင်းအောင်အား နည်းပြချုပ်အဖြစ် တာဝန်ပေးအပ် ခဲ့ခြင်းဖြစ်သည်။

ဦးအောင်နိုင်သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နှစ်ရာသီဆက် အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သော်လည်း လူငယ်နည်းပြများကို သင်ကြားပေးရန် အပြင် စီနီယာနှင့်လူငယ်အသင်းများနှင့် လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများကိုပါ တာဝန်ယူဆောင်ရွက်ရန် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဦးဟန်ဝင်းအောင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကမ္ဘောဇအသင်း (ယခုရှမ်းယူနိုက်တက်)တွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီး နောက်ပိုင်း ရှမ်းယူနိုက်တက်အသင်းတွင် လက်ထောက်နည်းပြ/အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ် သည်။

ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပထမဆုံးခေါ်ယူမှုအဖြစ် သီဟဇော်ကို နှစ်နှစ်စာ ချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း ဇန်နဝါရီ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ကစားသမားသစ်ငါးဦးအထိ ခေါ်ယူထားပြီး ကျန်ရှိသည့်ကစားသမားများကို ယခုရက်ပိုင်းအတွင်း ထပ်မံကြေညာမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ၊  ဓာတ်ပုံ-ဖိုးသော်ဇင်