၈ ဇန်နဝါရီ
၂၀၂၀ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရာသီသစ် မစမီမှာပင် နည်းပြချုပ်နေရာပြောင်းလဲခဲ့ပြီး ဦးဟန်ဝင်းအောင် ကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် နှစ်ရာသီဆက်MNL အမှတ်ပေးချန်ပီယံဖြစ်ခဲ့သော်လည်း လူငယ်နည်းပြ များကို နေရာပေးလိုသောကြောင့် ယခင်နည်းပြချုပ်ဦးအောင်နိုင် နည်းစနစ် ဒါရိုက်တာ အဖြစ် ပြောင်းလဲတာဝန်ပေးကာ လူငယ်နည်းပြ ဦးဟန်ဝင်းအောင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဦးအောင်နိုင်သည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် နှစ်ရာသီဆက် အမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သော်လည်း လူငယ်နည်းပြများကို သင်ကြားပေးရန်အပြင် စီနီယာနှင့်လူငယ်အသင်းများနှင့် လူငယ်ဖွံ့ဖြိုးရေး စီမံကိန်းများကိုပါ တာဝန်ယူဆောင်ရွက်ရန် အပြောင်းအလဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဦးဟန်ဝင်းအောင်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ကမ္ဘောဇအသင်း (ယခုရှမ်းယူနိုက်တက်)တွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်း ရှမ်းယူနိုက်တက်အသင်းတွင် လက်ထောက်နည်းပြ/အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး လက်ရွေးဆင်အဆင့် ကစားသမားများကိုလည်း ခေါ်ယူရန်သဘောတူညီမှု ရရှိထားသည်။
သတင်း - ညီမြတ်သော်တာ